လျှပ်စစ်ဓာတ်အားသုံးစွဲသူများသို့ မေတ္တာရပ်ခံအသိပေးကြေငြာချက်

ကျောက်ဆည် စက်တင်ဘာ လ  ၁၄
ကျောက်ဆည်ခရိုင်အတွင်း(၁၅.၉.၂၀၁၈)ရက်နေ့နှင့်(၁၆.၉.၂၀၁၈) ရက်နေ့၊ စနေ၊ တနင်္ဂနွေနေ့ ရက်များတွင် ဘဲလင်းပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပို့လွှတ်ထားသော ၃၃ကေဗွီ ဘဲလင်း- စဉ်ကိုင် ဓာတ်အားလိုင်းအား ဘဲလင်းခွဲရုံမှ ဘဲလင်းလမ်းဆုံအထိ ၃၃ကေဗွီဓာတ်အားလိုင်း အသစ်တည် ဆောက်ရာတွင် မလွတ်ကင်းသဖြင့် ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်ရ မည်ဖြစ်ရာ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့နှင့် တံတားဦးမြို့နယ်  မြို့ပေါ်ရပ်ကွက် နှင့်ကျေးရွာများ  (၀၉:၀၀) နာရီမှ (၁၅:၀၀) နာရီထိ ဓာတ်အားပြတ်တောက် မည်ဖြစ်ပါကြောင်းမေတ္တာရပ်ခံ  ကြိုတင်အသိပေးအပ်ပါသည်။